top of page

ကွတ်ခိုင်မြို့ KIA နှင့် TNLA ထိန်းချုပ်၀န်းကျင်ကို စစ်ကောင်စီမှ ပေါင် ၅၀၀ ခန့်ရှိသောဗုံးဖြင့် ၅ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၆၊ ၈၊ ၂၀၂၄



ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ၅ ရက်နေ့ နေလည်ပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ကင်းထောက်လေယာဉ်တစ်စီးဖြင့် ပတ်ဝဲနေပြီး ညနေပိုင်း 3 နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့လယ်ကို ပေါင် ၅၀၀ခန့်ရှိသောဗုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့သည်။


ကွတ်ခိုင်မြို့လယ်ကို ပေါင်၅၀၀ ခန်းရှိသောဗုံးဖြင့် ၁ နာရီဝန်းကျင်အတွင်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်မှ စက်သေနတ်ပစ်ခတ်မှုရှိနေပြီးနောက် ခေါက်တုံ့ခေါက်ပြန် ကင်းထောက်နေသည်ဟု ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာကိုပြောပါသည်။


ဗုံးများကို မြို့မဈေးတွင် ၁လုံး ၊ မြို့လယ်တွင် ၁ လုံး၊ မီးပွိုင့်တွင် ၁ လုံးနှင့် ကိုးကန့်ရုံးရှေ့(ဆောက်လုပ်ရေးရံးရှေ့)တွင် ၃ လုံး လာရောက်ကျဲချခဲ့သည်။


ထိုတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရှိခဲ့သည်။ထိုပြင် ကွတ်ခိုင်မြို့မဈေးတစ်ဝက်ခန့် မီးလောင်ပျက်စီးသည့်အပြင် မီးသတ်အဖွဲ့မှ ထိုမီးကိုငြိမ်းသတ်နေစဉ် မီးသတ်သမားတစ်ဦးမတော်တဆဖြစ်ကာ အသက်သေဆုံးခဲ့ရသည်ဟု ဒေသခံဆီမှတစ်ဆင့် ကြားသိရပါသည်။


ထိုတိုက်ခိုက်မှုတွင် ဗုံးပေါက်ကွဲမှု၊ မီးလောင်မှုကြောင့် ဈေးအနီးတွင်ရှိသော အဆောက်အဦးအချို့ပျက်စီးသွားပြီး ထိုဒေသရှိပြည်သူများ နီးစပ်ရာကျေးရွာသို့ တိမ်းရှောင်နေရပါသည်။


ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့မှသိမ်းယူထားသောမြို့တစ်ခုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းလိုင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။


0 views0 comments

Commentaires


Pajau Media

Thanks for subscribing!

bottom of page