top of page

ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို MNDAAမှ အင်တာနက်လိုင်းဖြတ်တောက်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၄ရက်၊အောက်တိုဘာ၊၂၀၂၄။



ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို အောက် တိုဘာလဆန်း တစ်ရက်နေ့မှစပြီး ကိုးကန့်တပ် (MNDAA)က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ရက်အကန့်အသတ်မရှိ ဖြတ်တောက်ထားကြောင်း‌ ဒေသခံများထံမှ သိရသည်။


လားရှိုးမြို့ကို စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုရန်ကို တုံ့ပြန်နိုင်ရန်နှင့် တည်နေရာပေါက်ကြားခြင်း၊ ဖော်ထုတ်ခြင်းရန်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုးကန့်တပ်မတော်(MNDAA)က ဖုန်းလိုင်းနှင့် အင်တာနက်ကွန်ယက်များအားလုံးကို ဖျက်တောက်ထားခဲ့ခြင်းဖြစ်ကြောင်း တရုတ်မီဒီယာတစ်ခုက ဖော်ပြထားသည်။


လားရှိုးမြို့ခံတစ်ဦးက “ဖုန်းလိုင်းတွေ အကုန်ပျက်နေတယ်။ အရင်နေ့တွေကတော့ MPT၊ Atomနဲ့ တစ်ချို့နေရာတွေမှာ Mytelလိုင်းရတယ်။ ခုတော့ဘာမှမရတော့ဘူး။ မိုးလည်းဆက်တိုက်ရွာနေတယ်။” ဟု ပြောသည်။


လားရှိုးမြို့ကို MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဇူလှိုင်၃ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ဇူလှိုင်၂၅ရက်နေ့တွင် စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ် နှင့်အတူ လားရှိုးမြို့ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် MNDAAမှ ထိန်းချုပ်ထားးသည့် နှစ်လကျော်ကာလအတွင်း ဖုန်းလိုင်းပြန်လည်ရရှိခဲ့ပေမယ့် ယခုအချိန်တွင် ပြန်လည်ဖျက်တောက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဒေသခံထံမှ သိရသည်။


ယခုလို ဖုန်းအော်ပရေတာအားလုံး ပြတ်တောက်သွားသဖြင့် လားရှိုးမြို့တွင် ကျန်ရစ်ခဲ့သော မိသားစုများနှင့် အဆက်အသွယ်ပျက်ကာ အဝေးသို့ရောက်ရှိနေသော ပြည်သူများမှာ စိုးရိမ်နေရသောကြောင့် ဒေသခံများအတွက် ရည်ရွယ်ပြီး Freedom Youth Volunteers-FTV အဖွဲ့အစည်းများမှလည်း အင်တာနက်အသုံးပြုနိုင်အောင် စီစဉ်မှုများ ကြိုးစားလုပ်ဆောင်နေကြကြောင်း သိရသည်။


ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ကို စက်တင်ဘာလ (၃၀)ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့သဖြင့် လားရှိုးမြို့တွင် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ကြိမ်ထက်မနည်း ရှိခဲ့သည့်အပြင် ယနေ့အောက်တိုဘာ ၄ရက်အထိ လေကြောင်းတိုက်ခိုက်မှု ရှိနေဆဲဖြစ်သည်။


1 view0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page