ပါဂျောင်မီဒီယာ။
၇ရက်၊မတ်လ၊၂၀၂၅ခုနှစ်။

ကချင်ပြည်နယ်အတွင်းရှိ KIOထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်ကောလိပ်တွင်ကျောင်းသားများ ခုံမလောက်မှုနှင့် အခြားခက်ခဲများစွာရှိနေကြောင်းသိရသည်။
မိုင်ဂျာယန်ကောလိပ်တွင် ကျောင်းသားဦးရေများပြားလာသဖြင့် စာသင်ခန်းအတွင်းခုံမလုံ လောက်မှုဖြစ်ပွားနေကြောင်း ကျောင်းသားတစ်ဦးထံမှသိရသည်။
အဆိုပါကျောင်းသား၏ ပြောပြချက်အရ မိုးရာသီရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် စောင်များလည်းလိုအပ်နေကြောင်းနှင့် အချို့အဝေးမှလာသည့် ကျောင်းသားများအနေဖြင့်လည်းစား၀တ်နေရေးအတွက်ခက်ခဲကြောင်းရှင်းပြပါသည်။
မိုင်ဂျာယန်ကောလိပ်တွင် ကျောင်းသားပေါင်းရာကျော်ရှိပြီး ကျောင်းအတွင်း အဆောင်နေသူများနှင့် အပြင်တွင် အခန်းငှားရမ်းပြီးနေရသူများလည်းရှိကြောင်းသိရသည်။ သို့သော် အပြင်ဆောင်နေရသူများအနေဖြင့် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် အခန်းခနှင့် စား၀တ်နေရေးများစွာ ခက်ခဲလျက်ရှိကြောင်းသိရပါသည်။
ရေးသားသူ= ရောင်နီ
Comments