top of page

KIO အစိုးရဌာချုပ်ဖြစ်သည့် လိုင်ဇာမြို့မှ Bus မော်‌တော်ကားဖြင့် စတင်ပြေးဆွဲ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃၊ ၉၊၂၀၂၄။



ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့မှ ဂါးရာယာန်ကျေးရွာ၊ မြို့သစ်ကုန်းလော၊ ဒေါ့ဖုန်းယာန်မြို့နှင့် ဂန်ဒေါင်ယာန် စသည့်ဒေသအတွင်း ပြည်သူများ လမ်းခရီးသွားလာရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်ရန် Busမော်တော်ကားဖြင့် ယမန်နေ့ စက်တင်ဘာလ ၂ရက်နေ့မှစ၍ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။


လိုင်ဇာမြို့Busမော်တော်ကားဂိတ်ကို လိုင်ဇာမြို့ရှိ မုန်လိုင်‌ချောင်းတံတားအနီးတွင် သတ်မှတ်ထားပြီး၊ လိုင်ဇာ-ဒေါ့ဖုန်းယာန်အထိ နှစ်ထောင့်ငါးရာကျပ်၊ လိုင်ဇာ-မြို့သစ်ကုန်းလောအထိ ငါးထောင်ကျပ်၊ လိုင်ဇာ-ဂန်ဒေါင်ယာန်အထိ နှစ်ထောင့်ငါးရာကျပ်၊ လိုင်ဇာ-ဂါးရာယာန်အထိ ငါးထောင်ကျပ်နှင့်‌ ဆန်၊စပါး၊ကုလားပဲ၊ကြက်သွန် စသည့် ဂုန်နီအိတ်တစ်အိတ်လျှင် နှစ်ထောင်ကျပ်၊ (၂၅)လီတာရှိသည့် ဆီတစ်ပုံးလျှင် တစ်ထောင်ကျပ် စသည်ဖြင့် အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ပြီး ခရီးသည်များနှင့် ကုန်ပစ္စည်းများကို စတင်ပြေးဆွဲနေပြီဖြစ်သည်။


Busမော်တော်ကားပြေးဆွဲချိန်ကို နံနက်၇နာရီခွဲအချိန်တွင် ဂါးရာယာန်ကျေးရွာသို့ စတင်ပြေးဆွဲပြီး၊ ညနေတစ်နာရီအချိန်ခန့်တွင် ဒေါ့ဖုန်းယာန်မြို့လမ်းဘက်သို့ ပြေးဆွဲမည်ဖြစ်သည့်အပြင် ခရီးသည်မရှိသော်လည်း ကန့်သတ်အချိန်ရောက်လျှင် အလိုအလျောက် ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် လိုင်ဇာ-မိုင်ဂျာယာန်မြို့သို့ ထပ်မံပြေးဆွဲနိုင်အောင် ပြင်ဆင်နေကြောင်းလည်း ထပ်မံသိရသည်။


ယခုကဲ့သို့ လိုင်ဇာမြို့တွင် အခြေပြုကာ Busကားဖြင့် စတင်ပြေးဆွဲလာခြင်းကို (KIO)အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒေသခံပြည်သူများ သွားလာရေးအတွက် ပိုမိုလွယ်ကူပြီး ဈေးနှုန်းချိုသာစွာ သွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လိုင်ဇာမြို့မှ တာဝန်ရှိသူက ပြောသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page