top of page

KIO ပညာရေးတွင် ဆယ်တန်းမအောင်မြင်သည့် ကျောင်းသားများအတွက် အတန်းတင် စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ပေး

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၄ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




KIO ပညာရေးဌာနချုပ်မှ ဦးစီးဦးဆောင် ဖွင့်လှစ်သင်ကြားနေသည့် KIO ထိန်းချုပ်နယ်မြေမှ ပညာရေးကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် ဆယ်တန်းမအောင်မြင်သည့် ကျောင်းသားများအတွက် အတန်းတင်စာမေးပွဲ ( မအောင်မြင်ခဲ့သော ဘာသာရပ်များကိုသာ ပြန်လည်ဖြေဆိုရန် ) ကို ဇွန်လ ၅ရက်နေ့မှစပြီး ၁၂ရက်နေ့အထိ တစ်ပတ်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ယခုနှစ်တွင် ဆယ်တန်းစာမေးပွဲ မအောင်မြင်ခဲ့သည့် ကျောင်းသားဦးရေ စုစုပေါင်း (၁၂၃၃)ဦးရှိသည့်အနက် အတန်းတင်စာမေးပွဲ ပြန်လည်ဖြေဆိုသူ ကျောင်းသားဦးရေမှာ အားလုံးပေါင်း (၁၁၁၃)ဦး အထိ ရှိခဲ့သည်ဟု ဆိုသည်။


ပညာရေးဌာနချုပ်မှ ယခုကဲ့သို့ အတန်းတင်စာမေးပွဲများ ပြန်လည်ဖြေဆို အောင်မြင့်ခွင့် ပေးရခြင်းမှာ လာမည့်ပညာသင်နှစ်များတွင် ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်းအထိ တိုးမြင့်ဖွင့်လှစ်ကာ သင်ရိုးညွန်းတမ်းများ ပြောင်းလဲသင်ကြားလာမည်ဖြစ်ရာ ယခုနှစ်တွင် အတန်းတင်စာမေးပွဲ ဖြေဆိုခွင့်ကိုလည်း နောက်ဆုံး ပြုလုပ်ကျင်းပခြင်းဖြစ်သည်။


 အတန်းတင်စာမေးပွဲ အောင်စာရင်းကို လာမည့်ဇူလှိုင်လတွင် ထုတ်ပြန်မည်ဖြစ်ကြောင်းနှင့် အောင်မြင်ဖြေဆိုသူ ကျောင်းသားများမှာ၂၀၂၃-၂၀၂၄ပညာသင်နှစ် အောင်စာရင်းတွင် တရားဝင် ထည့်သွင်းသွားမည် ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


KIOပညာရေး၏၂၀၂၃-၂၀၂၄ပညာသင်နှစ် ဆယ်တန်းအောင်စာရင်းကို မေလ ၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ အောင်မြင်ဖြေဆိုသူ ကျောင်းသားစုစုပေါင်း (၃၁၂၆)ဦး ရှိသည့်အနက် ဖြေဆိုအောင်မြင်သူ ကျောင်းသားစုစုပေါင်းမှာ (၁၈၉၃)ဦးရှိပြီး၊ မအောင်မြင်သည့် ကျောင်းသားများမှာ (၁၂၃၃)ဦးတို့ ဖြစ်သည်။


Yorumlar


Pajau Media

Thanks for subscribing!

bottom of page