top of page

KIO ထိန်းချုပ်နယ်မြေမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆယ်တန်းအောင်စာရင်းထွက်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီီဒီယာ

၁ရက်၊မေလ၊၂၀၂၄ခုနှစ်။



တရုတ်-မြန်မာနယ်စပ်အနီးရှိ KIO ထိန်းချုပ်နယ်မြေတွင် KIO ပညာရေးဌာနချုပ်မှ ဦးစီးဦးဆောင်ကာ ဖွင့်လှစ်သင်ကြားနေသည့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ဆယ်တန်းအောင်စာရင်းကို ယနေ့ မေလ၁ရက်နေ့တွင် ထုတ်ပြန်လာခဲ့သည်။


KIOပညာရေး၏ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ဆယ်တန်းအောင်စာရင်းကို မေလ ၁ရက်နေ့တွင် ထုတ်ပြန်လာခဲ့ရာ ယခုနှစ် ဆယ်တန်းဖြေဆိုသူ ကျောင်းသားစုစုပေါင်း (၃၁၂၆)ဦး ရှိခဲံပြီး၊ ဖြေဆိုအောင်မြင်သူ ကျောင်းသားစုစုပေါင်းမှာ (၁၈၉၃)ဦးအထိရှိကာ၊ ကျဆုံးသူ ကျောင်းသားများမှာ (၁၂၃၃)ဦးအထိ ရှိနေကြောင်း သိရသည်။


ထို့အပြင် ယခုနှစ်တွင် စာမေးပွဲ ကျဆုံးခဲ့ပြီး ပြန်လည်ဖြေဆိုချင်သူ ကျောင်းသား၊သူ များမှာ မိမိ၏ကျောင်း(သို့မဟုတ်)မိမိနှင့် နီးစပ်ရာကျောင်းများတွင် နာမည်စာရင်းထည့်သွင်းကာ ဖြေဆိုနိုင်သည့်အပြင် မိမိကျဆုံးခဲ့သည့် ဘာသာရပ်များကိုသာ ပြန်လည်ဖြေဆိုကာ ဆယ်တန်းအောင်နိုင်မည်ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


ပြီးခဲ့သည့် နှစ်များတွင် ဆယ်တန်းကို မအောင်မြင်ခဲ့သည့် ကျောင်းသားများအတွက် ယခုပညာသင်နှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ၃ကြိမ်အထိ ဖြေဆိုခွင့်ပေးနေပြီး၊ လာမည့် ဇွန်လ လဆန်းပိုင်းတွင်လည်း နောက်တစ်ကြိမ် ပြန်လည်ဖြေဆို အောင်မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။


ပညာရေးဌာနချုပ်မှ ယခုကဲ့သို့ စာမေးပွဲများ ပြန်လည်ဖြေဆို အောင်မြင့်ခွင့် ပေးရသည့် အကြောင်းအရင်းမှာ လာမည့် ပညာသင်နှစ်များးတွင် ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်းအထိ တိုးမြင့်ဖွင့်လှစ်ကာ သင်ကြားလာမည်ဖြစ်သောကြောင့်ဟု သိရသည်။


コメント


Pajau Media

Thanks for subscribing!

bottom of page