top of page

KIA ထိန်ချုပ်နယ်မြေ လိုင်ဇာမြို့အနီး ကျေးရွာများ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၉၊ ၈၊ ၂၀၂၄။



တရုတ်နယ်စပ်အနီးရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ထိန်းချုပ်နယ်မြေဖြစ်သော လိုင်ဇာမြို့အနီး ကျေးရွာများအား ညအချိန်တွင် အကြောင်းမဲ့ စစ်ကောင်စီလေယာဉ်နဲ့ ဗုံကြဲတိုက်ခိုက်သွားသည်ဟု ဒေသခံပြည်သူတစ်ဉီးမှ ပါဂျောင်မီဒီယာကို ပြောကြားခဲ့သည်။


“မနေ့တနေ့က ဩဂုတ် ၇ ရက်ည ၁၂ နာရီကျော် ဝန်းကျင်တွင် စစ်လေယာဉ်နဲ့ နေရာ ၄ ခုလောက် ဗုံးကြဲသွားတယ်။ လေယာဉ်က Y-12 အမျိုးအစားလို့ ထင်တယ်ဗျ။ ဘုရားကျောင်း နှင့် လူနေအိမ် ထိခိုက်ပျက်စီးသွားတာ ရှိတယ်။ အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာသွားရတယ်။ အခု ဗုံးကြဲခံတဲ့ နေရာမှာ တိုက်ပွဲဖြစ်တာမရှိဘူး...လက်နက်ကိုင်ဖွဲ့ ‌‌နေရာယူထားတာလည်း မရှိဘူးလို့” ပြောကြားခဲ့သည်။


စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန်တွင် တရုတ်ဘက်ခြမ်းတွင်လည်း နယ်စပ် လုံခြုံရေးအတွက် အချက်ပြမီး ပစ်ဖောက်သလို ဂျက်လေယာဉ်နဲ့ ကင်းလှည့်ခဲ့ခြင်းလည်း ရှိခဲ့သည်။


စစ်ကောင်စီဗုံးကြဲ တိုက်ခိုက်ခံရသည် နေရာများမှာ မိုင်ဆပ်ပါရွာ၊ မုန်လိုင်ခက်ရွာ၊ မြို့သစ် နဲ့ ကုန်းလောရွာများ ဖြစ်ကြသည်။ မိုင်ဆပ်ပါ နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားကျောင်း တံခါးမှန်များ ထိခိုက်ပျက်စီးမှုရှိသလို လူနေအိမ်များတွင်လည်း ကျရောက်ပေါက်ကွဲမှုရှိကာ အသက် ၂၀ ရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည် ဟုသိရှိရသည်။


ထို့အပြင် ဩဂုတ် ၇ ရက်နေ့ညတွင်း မိုးမောက်မြို့နယ် စီဟက်ကျေးရွာများတွင်လည်း စစ်ကောင်စီ တပ်မှ လေကြောင်းတိုက်ခိုက်ပြုလုပ်မှုပြုလုပ်ခဲ့ပြီး အသက်ကြီးရွယ်အို အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည် ဟု သိရှိရပါသည်။


လက်ရှိအချိန်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ် အမှတ် (၄၃၇) ခြေမြန်တပ်ရင်း နဲ့ KIA တပ် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပါသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page