top of page

Breaking News - ရမခစစ်တိုင်းဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဟု MNDAA ကြေငြာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၅၊ ၇၊ ၂၀၂၄



၂၃ ရက်ကြာထိုးစစ်ဆင်တိုက်ပွဲများ ဖြစ်ပွါးခဲ့ပြီးနောက် MNDAA (ကိုးကန့်တပ်မတော်) မှ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင်လ ၂၅ ရက်မနက် ၄ နာရီခန့်တွင် အဆုံးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ၄င်းတိုက်ပွဲသည် MNDAA (ကိုးကန့်တပ်မတော်) တော်လှန်ရေးလှုပ်ရှားမှု၏ သမိုင်း၀င်အောင်ပွဲတစ်ခု ဖြစ်သည်ဟု ထုတ်ပြန်ကြေငြာထားသည်။


အလားတူ တရုတ်နိုင်ငံ၏ အပစ်ရပ်စဲရေးတောင်းဆိုထားသည့် ကြားမှ လားရှိုးမြို့-ရမခစစ်တိုင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယမန်နေ့က လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦးနှင့် ဗိုလ်ကြီး ၅ ဦးအပါအ၀င် တပ်ဖွဲ့၀င်စုစုပေါင်း ၃၁၇ ဦး လက်နှက်ချ အလင်း၀င်ခဲ့ကြောင်းကို MNDAA မှ ထုတ်ပြန်ကြေငြာခဲ့ပြီး ယနေ့ မြို့သိမ်းတိုက်ပွဲတွင် မည်မျှဖမ်းဆီးရမိသည်၊ လက်နှက်များမည်မျှသိမ်းဆည်းရရှိထားသည်ကို ထုတ်ပြန်ကြေငြာမှု မရှိသေးပေ။


5 views0 comments

Comentarios


Pajau Media

Thanks for subscribing!

bottom of page